Home Asia နှာရိန်းမြို့ဘောလုံးကွင်းတွင် ထွေအုပ်ရုံးတည်ဆောက်မည့်အပေါ် ကန့်ကွက်မှုများရှိသဖြင့်နေရာပြန်ပြောင်း

နှာရိန်းမြို့ဘောလုံးကွင်းတွင် ထွေအုပ်ရုံးတည်ဆောက်မည့်အပေါ် ကန့်ကွက်မှုများရှိသဖြင့်နေရာပြန်ပြောင်း

နှာရိန်းမြို့ဘောလုံးကွင်းတွင် ထွေအုပ်ရုံးတည်ဆောက်မည့်အပေါ် ကန့်ကွက်မှုများရှိသဖြင့်နေရာပြန်ပြောင်း – Myanmar News – World Times News
နှာရိန်းမြို့ဘောလုံးကွင်းတွင် ထွေအုပ်ရုံးတည်ဆောက်မည့်အပေါ်
ကန့်ကွက်မှုများရှိသဖြင့်နေရာပြန်ပြောင်း 1

နှာရိန်းမြို့ဘောလုံးကွင်းတွင် ထွေအုပ်ရုံးတည်ဆောက်မည့်အပေါ် ကန့်ကွက်မှုများရှိသဖြင့်နေရာပြန်ပြောင်း

ချင်းပြည်နယ် ထန်တလန်မြို့နယ်ရှိ နှာရိန်းမြို့ ဘောလုံးကွင်းတွင် အထွေထွေထွေအုပ်ချုပ်ရေးမှူးရုံး တည်ဆောက်ရန် စီစဉ်ခဲ့သော်လည်း မြို့ခံများမှ ကန့်ကွက်မှုများရှိနေသဖြင့် အမှတ် (၂) ရပ်ကွက်ဘက်တွင် ပြောင်းလဲတည်ဆောက်ရန် ပြည်နယ်အစိုးရမှ သတ်မှတ်လိုက်ကြောင်း သိရသည်။

“ထွေအုပ်မင်းကြီးကနေပြီးတော့ အခုတည်ဆောက်နေတဲ့နေရာက ပြည်သူလူထုကနေပြီးတော့ အမြတ်တနိုးထားတဲ့နေရာ ဖြစ်တဲ့အတွက် သက်ဆိုင်ရာ ဌာနတွေကနေကွင်းဆင်းပြီးနောက်မှာ အမှတ် (၂)ရပ်ကွက်မှာ တည်ဆောက်ဖို့ အတည်ပြုခဲ့ပါတယ်၊ ဘာလို့ အမှတ်(၂)ကို ရွေးရလဲဆိုရင် အဲဒီဘက်က ဖွံ့ဖြိုးမှုအားနည်းနေတာကြောင့် အမှတ် (၁)ရပ်ကွက်နှင့်အတူ ဖွံ့ဖြိုးမှုအားကောင်းလာဖို့ ချင်းပြည်နယ်အစိုးရအနေနဲ့ ရည်ရွယ်ထားတယ်လို့ သိရတယ်၊ အခုလို အစိုးရကနေပြီးတော့ ပြည်သူလူထုရဲ့ တောင်းဆိုမှုကို အလေးထားပြီး ဘောလုံးကွင်းကို ပြန်ပြီးတော့ လက်လွှဲပေးတာကြောင့် ဝမ်းသားမိပါတယ်၊ ဒေသခံတွေအနေနဲ့လည်း အစိုးရရဲ့လုပ်ငန်းကို တားစီးလိုတာမျိုးမဟုတ်ဘဲနဲ့ မိမိတို့ အမြတ်တနိုင်းထားတဲ့ နေရာဖြစ်တာကြောင့်သာ ကန့်ကွက်ခဲ့ရတာဖြစ်တယ်”ဟု နှာရိန်းမြို့ခံ ကိုမိုက်ကယ်ကပြောသည်။

နှာရိန်းမြို့တွင် ထွေအုပ်ရုံးတည်ဆောက်မည့်နေရာနှင့်ပတ်သတ်ပြီး မြို့ခံများမှ ဘိုးဘွားအမွေအဖြစ် အမြတ်တနိုင်းထားသည့်နေရာဖြစ်သည့် ဘောလုံးကွင်းတွင် မြို့ခံများကို အသိမပေးဘဲ ဘောလုံးကွင်းတွင် စတင်တည်ဆောက်နေခြင်းကြောင့် နှာရိန်းမြို့ခံများမှ ဆန္ဒဖော်ထုတ်ခဲ့ကြပြီး နှစ်ဘက်ညှိနှိုင်းမှုများ လုပ်ဆောင်ပြီးနောက် ယခုလို နေရာပြောင်းဆောက်လုပ်ရန် အတည်ပြုလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

ကိုမိုက်ကယ်မှ လက်ရှိအခြေအနေနှင့်ပတ်သတ်ပြီး “ဒီနေ့မှာ ထွေအုပ်မင်းကြီး၊ ခရိုင်ထွေအုပ် အုပ်ချုပ်ရေးမှူး၊ ထန်တလန်မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဆောက်လုပ်ရေး၊ ကျေးလက်က သက်ဆိုင်ရာလူကြီးတွေလာပြီး နေရာပြောင်းဖို့ အတည်လာပြုသွားပါတယ်၊ ထွေအုပ်ရုံးကလည်း အနည်းငယ် ဆောက်ပြီးသွားပြီဆိုတော့ အဲဒီကိစ္စကိုတော့ တာဝန်ယူတဲ့ ကုမ္ပဏီ နှင့် အစိုးဘက်ကလူတွေ ညှိနှိုင်းသွားမယ်လို့ သိတယ်” ဟုပြောသည်။

အလားတူ  မင်းတပ်မြို့တွင် လက်ရှိအာဏာရပါတီဖြစ်သည့် NLD ရုံးတည်ဆောက်မည့် နေရာသည် ရေစမ်းဦးထွက်သည့်နေရာဖြစ်ပြီး အနီးအနားပတ်ဝန်ကျင်မှ ပြည်သူများမှ အသုံးပြုအားထားနေရသည့် နေရာဖြစ်သဖြင့် ကန့်ကွက်မှုရှိနေခြင်းကြောင့် NLD ရုံးတည်ဆောက်မည့်နေရာကို အခြားနေရာရှာဖွေသွားမည်ဟု ယခုရက်ပိုင်းအတွင်း အစိုးရမှ ပြောဆိုထားကြောင်းသိရသည်။